ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်အား စင်ကာပူလုပ်ငန်းစု Spring Blossom Ventures က ပိုင်ရှင်ဖြစ်သည့် စင်ကာပူကုမ္ပဏီ Keppel Land ထံမှ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဝယ်ယူလိုက်ခြင်းအတွက် အစုရှယ်ယာလွှဲပြောင်းရောင်းချမှုအား ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြီးသတ်ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း Spring Blossom ကုမ္ပဏီအမှုဆောင် အရာရှိချုပ် Low Heng Huat က ပြောသည်။

အဆိုပါ Spring Blossom ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် ဟိုတယ်လုပ်ငန်းအား ဆက်လက်လုပ်ကိုင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

စင်ကာပူကုမ္ပဏီ Keppel Land ကမူ ဆီဒိုးနားဟိုတယ်(ရန်ကုန်)အား ရောင်းချခဲ့ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်မည့် အစီအစဉ်များကြောင့်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

copy from sdtimedaily.

 

 

Min Mahar Real Estate Co.,Ltd

အမှတ်/ ၆၈၅၊အောင်ဆန်းသူရိယလှသောင်းလမ်း၊ ၄၉ ရပ်ကွက်၊ မြောက်ဒဂုံမြိုနယ်။

Ph: +95 9 42624 9919

facebook.com/minmaharrealestate

ကာကွယ်ဆေးတွေကို ပိုမို မျှမျှတတ ဖြန့်ဖြူးကြဖို့ WHO တိုက်တွန်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ကမ္ဘာတစ်ဝန်းမှာ ပိုပြီး မျှမျှတတ ဖြန့်ဝေပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး တစ်နှစ်နီးပါး ဖြစ်တဲ့ သောကြာနေ့မှာ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အဲဒီ မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်နေပြီဖြစ်တဲ့ နိုင်ငံတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ပထမဦးဆုံး ကာကွယ်ဆေးထိုးခွင့်ရအောင် သေချာစေဖို့ မစ္စတာ Tedros က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ ပိုမိုရရှိစေဖို့ ရည်မှန်းထားတဲ့ COVAX စီမံချက်ကို ပိုလျှံနေတဲ့ဆေးတွေ လှူဒါန်းကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ကာကွယ်ဆေးထိုးမှုတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ အဓိက ပြုလုပ်နေကြပါတယ်။ မစ္စတာ Tedros က “ကျွန်တော်တို့အနေနဲ့ ဒီကပ်ရောဂါကို နေရာတိုင်းမှာ အဆုံးသတ်နိုင်တဲ့ အချိန်ရောက်မှသာ ကမ္ဘာတစ်ဝန်းလုံးမှာ အဆုံးသတ်နိုင်မယ်” လို့ဆိုပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆို လိုက်ပါတယ်။
#Source – NHK

အုတ်ဖိုမြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးလန်ခြင်းနှင့်ပြိုလဲမှုများဖြစ်ပွား
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဇန်နဝါရီ (၃၁)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဇန်နဝါရီ (၃၀) ရက် မွန်းလွဲ (၃) နာရီခွဲခန့်က ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမိုးလန်နေအိမ် (၁၂၂)လုံး၊ အမိုးလန် စာသင်ကျောင်း (၁)ကျောင်း၊ ပြိုလဲနေအိမ် (၆)လုံး၊ စာသင်ကျောင်း (၁)ကျောင်း ပြိုလဲခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#အောင်သူ(အုတ်ဖို)
#Source From; IPRD Okpo

အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ကွယ်လွန်ခြင်း ၇၃နှစ်ပြည့်ကျင်းပ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
အိန္ဒိယနိုင်ငံရဲ့ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ကွယ်လွန်ခြင်း ၇၃နှစ်ပြည့်ကို မနေ့ကကျင်းပခဲ့ပြီး သမ္မတရမ်နက်ကိုဗင့် ဦးဆောင်တက်ရောက်ခဲ့ပါတယ်။ မဟတ္တမဂန္ဒီကို အိန္ဒိယမှာတော့ ဘာပူလို့သိကြပြီး လွတ်လပ်ခြင်းအတွက် တိုက်ပွဲဝင်သူ အိန္ဒိယတိုးတက်ဖို့ အသက်နဲ့ရင်းပြီး ပေးဆပ်ခဲ့သူအဖြစ် ယနေ့ထက်တိုင် အောက်မေ့သတိရနေကြဆဲလည်း ဖြစ်ပါတယ်။ Raj Ghat က အောက်မေ့ဖွယ်အထိမ်းအမှတ်နေရာမှာ ကျင်းပတဲ့ဒီပွဲကို အစိုးရအဖွဲ့အရာရှိကြီးများလည်း တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
Source – AVN
we copy from MRTV

ဇန်နဝါရီလအတွင်း ဗီယက်နမ်သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဗီယက်နမ်နိုင်ငံရဲ့ ဇန်နဝါရီလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ၂.၀၂ဘီလီယံထိရှိခဲ့ပြီး ဒီထဲမှာ စီမံကိန်းသစ်များပါဝင်ပါတယ်။ မနှစ်ကနဲ့ယှဉ်ရင်တော့ ၃၇%ထိ တိုးတက်မှုရှိခဲ့တာဖြစ်ပါတယ်။ ဘက်လွေက LNGစီမံကိန်းကနေမှ FDIစီးဆင်းမှုက မနှစ်ကထက်ကို တိုးတက်မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။ ယခုလမှာလည်း စက်မှုလုပ်ငန်း ၁၄ခုမှာ နိုင်ငံခြားရန်ပုံငွေ၊ ထုတ်လုပ်မှုနဲ့ ၊ လုပ်ငန်းလည်ပတ်မှုများကို ပမာဏများများရရှိစေဖို့ ရည်မှန်းထားပြီး စင်ကာပူကတော့ ဗီယက်နမ်မှာ အများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ကာ ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ သန်း၆၈၀ထိ ရှိခဲ့တာလည်း ဖြစ်ပါတယ်။
Source – AVN
we copy from MRTV

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက မှာယူထားသည့် လေယာဉ်အသစ် ရောက်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရန်ကုန်၊ ဇန်နဝါရီ (၃၀)
နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပါက နိုင်ငံတကာသို့ ပျံသန်းပြေးဆွဲနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) က မှာယူထားသည့် Airbus A320-214 XY-ALL လေယာဉ်အသစ်သည် ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
MAI လေကြောင်းလိုင်းသို့ ထပ်မံဖြည့်တင်းရောက်ရှိ လာသည့် ယင်းလေယာဉ်အသစ်အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လေကြောင်းလိုင်းမှ တာဝန်ရှိသူများ က Water-salute အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့ပြီး အဆိုပါလေယာဉ်အသစ်ကို နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ Ferry Flight အဖြစ် ပျံသန်းမောင်းနှင်ပေးခဲ့သော လေယာဉ်မှူးများအား လေယာဉ်မယ်များက ပန်းစည်းများပေးအပ်၍ ကြိုဆိုနှုတ်ဆက်ကြသည်။
Airbus A320-214 XY-ALL လေယာဉ်ကို ပြင်သစ်နိုင်ငံတွင် ထုတ်လုပ်ပြီး Manufacturing Serial Number မှာ MSN-4758 ဖြစ်ကာ Business Class ထိုင်ခုံ ရှစ်ခုံနှင့် Economy Class ထိုင်ခုံ ၁၆၂ ခုံပါရှိပြီး စုစုပေါင်းခရီးသည် (၁၇၀) ကို တင်ဆောင်ပျံသန်းနိုင်မည်ဖြစ်သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် Safety နှင့် Operations ပိုင်းဆိုင်ရာတွင် နိုင်ငံတကာလေကြောင်း အဖွဲ့အစည်းများဖြစ်သည့် ICAO၊ IATA တို့၏ သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ ကိုက်ညီမှုရှိသည့်အပြင် လေကြောင်းလိုင်း စတင်တည်ထောင်ကတည်းက Accident များ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်းမရှိသဖြင့် IOSA လက်မှတ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးရရှိခဲ့သည့် လေကြောင်းလိုင်း ဖြစ်သည့်အပြင် နိုင်ငံတကာခရီးစဉ်များ ပြေးဆွဲနေသည့် မြန်မာလေကြောင်းလိုင်းများအနက် တစ်ခုတည်းသော IOSA လက်မှတ်ရရှိထားသော လေကြောင်းလိုင်းလည်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် IOSA ၏ Remote Audit စစ်ဆေးခြင်းကို ဇန်နဝါရီ (၁၅) ရက်တွင် ထပ်မံအောင်မြင်ခဲ့ပြီးဖြစ်၍ ICAO ၏ Standard နှင့်အညီ IATA ၏ Member ဖြစ်သော IOSA လက်မှတ်ရ Operator အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ပျံသန်းပြေးဆွဲမည့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်းကို Operations ပိုင်း Safety အရ ခရီးသွား ပြည်သူများ ယုံကြည်စိတ်ချစွာစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#သတင်း– ရဲရင့်ရှိုင်၊ #ဓာတ်ပုံ– ဖိုးသော်ဇင်
#The Mirror Daily

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေးချက်ထုတ်ပြန်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
လန်ဒန်၊ ဇန်နဝါရီ (၃၀)
ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးချက်တစ်ရပ် ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၆၉) နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောကြားခဲ့သည်။
အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်း၊ အာရှ၊ အမေရိကတိုက်ရှိ နိုင်ငံများနှင့် ဥရောပတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ တောင်အာဖရိကတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၂၅) နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး အဆိုပါနိုင်ငံများတွင် ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် အီတလီ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သုံးမျိုးအပေါ် ကာကွယ်ဆေးများ ထိရောက်မှု ရှိ/မရှိနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါအပြင် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်မားလာသည့်အတွက် ကမ္ဘာ့ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်လိုက်နာကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြားခဲ့သည်။
#ကိုးကား – အင်န်အိတ်ချ်ကေ #ဘာသာပြန် – အောင်ကျော်ကျော်
#The Mirror Daily
copy from MRTV

နယ်သာလန်အာလူးမျိုး စမ်းသပ်စိုက်ပျိုးမည်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဇန်နဝါရီ(၂၇)
အာလူးကြော်လုပ်ငန်းအတွက်လိုအပ်နေသည့် အားလူးကုန်ကြမ်းရရှိနိုင်ရန်အတွက် ယခုနှစ်တွင် နယ်သာလန်အားလူးမျိုးကို စမ်းသပ်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) နောင်တရားအာလူးအသင်းထံမှ သိရပါသည်။ မြန်မာနိုင်ငံတွင် စားသုံးရန်အတွက် အာလူးထွက်ရှိမှု လုံလောက်မှုရှိသော်လည်း အာလူးကြော်လုပ်ငန်းများအတွက်မူ အာလူးကုန်ကြမ်း လိုအပ်ချက်ရှိနေဆဲဖြစ်သည့်အတွက် နယ်သာလန်အားလူးမျိုးကို တင်သွင်းစမ်းသပ်စိုက်ပျိုးရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း နောင်တရားအာလူးအသင်းမှ ဥက္ကဋ္ဌ ဉီးခွန်ဆန်းဉီး၏ ပြောကြားချက်အရ သိရပါသည်။

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik