ဝါရှင်တန်၊ ဇန်နဝါရီ (၂၁)

အမေရိကန်နိုင်ငံသမ္မတဂျိုးဘိုင်ဒန်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှ အမေရိကန်နိုင်ငံ နုတ်ထွက်ခြင်း အစီအစဉ်ကို ဇန်နဝါရီ (၂၀) ရက်တွင် ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ (၄၆) ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် နာရီအနည်းငယ် အတွင်းမှာပင် ဂျိုးဘိုင်ဒန်သည် သမ္မတ(ဟောင်း) ဒေါ်နယ်ထရမ့်လက်ထက် ယခင်နှစ်က စတင်အကောင်အထည် ဖော်ခဲ့သည့် WHO မှ အမေရိကန်နိုင်ငံနုတ်ထွက်ခြင်း အစီအစဉ်ကို သမ္မတအမိန့် အာဏာတစ်ရပ်ဖြင့် ပြန်လည် ရုပ်သိမ်း ပယ်ဖျက်ကြောင်း လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လက WHO မှ အမေရိကန်နိုင်ငံနုတ်ထွက်ကြောင်း ထရမ့်အစိုးရ ထုတ်ပြန်ကြေညာခဲ့ချိန်တွင် ဘိုင်ဒန်သည် “ အမေရိကန်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစနစ် ပိုမိုကောင်းမွန်အောင် ထိတွေ့ ဆောင်ရွက်ရင်း အမေရိကန်နိုင်ငံသားတွေဟာလည်း ဘေးကင်းလုံခြုံကြမှာပါ။ သမ္မတအဖြစ် ကျွန်တော့်ရဲ့ပထမဆုံးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ထဲကို ပြန်လည်ဝင်ရောက်မယ်။ ပြီးတော့ ကမ္ဘာ့ဇာတ်ခုံမှာ ကျွန်တော်တို့ရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ရယူသွားမယ်” ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက်မှတစ်ဆင့် ရေးသား ဖော်ပြခဲ့သည်။
လာမည့် ရက်သတ္တပတ်တွင် ကျင်းပရန်ရှိသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ နှစ်ပတ်လည်အစည်းအဝေးသို့ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်ရန် အမေရိကန်ထိပ်တန်းကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်တိုနီဖော့ဆီ(Anthony Fauci) အား သမ္မတဘိုင်ဒန်က ရွေးချယ်တာဝန်ပေးအပ်ထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ထရမ့်ပ်နှင့် သူ၏ အစိုးရအဖွဲ့သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား ထပ်ခါတလဲလဲ ပြစ်တင် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ယင်းလုပ်ရပ်မှာ ထရမ့်အစိုးရအဖွဲ့အနေဖြင့် ၎င်းတို့၏ COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ပုံ မှားယွင်းမှုအပေါ် ပြစ်တင်ခြင်း မခံရလေအောင် ရှောင်လွှဲရန် ကြိုးပမ်းမှုနှင့် ပြည်သူ့ကျန်းမာ ရေးအကြပ်အတည်း အမည်တပ်ကာ တန်ပြန်အာရုံလွှဲမှုသာဖြစ်ကြောင်း ကျွမ်းကျင်သူများ နှင့် ဒီမိုကရက်တစ် များက ဝေဖန်ခဲ့ကြသည်။
အမေရိကန်နိုင်ငံသည် ဇန်နဝါရီ (၂၀) ရက် အထိ COVID-19 ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၂၄.၄) သန်းရှိခဲ့ပြီး ယင်းနှင့်စပ်ဆက်၍ သေဆုံးသူ (၄၀၅,၀၀၀) ဦးရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရ သိရသည်။
# ဘာသာပြန်/ကိုငယ်
Credit: Xinhua
we copy from MRTV

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဒေါက်တာဂျေးလ်ဘိုင်ဒန်တို့ဟာ မနေ့ကတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုအပြီးမှာ မြောက်ဘက်ဆင်ဝင်ကိုဖြတ်ပြီး သမ္မတနဲ့ သမ္မတဇနီးတို့အဖြစ် ၎င်းတို့နေရမည့် အိမ်ဖြူတော်သို့ ဝင်ရောက်ခဲ့ကြပါတယ်။ မိသားစုများ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ လမ်းလျှောက်ပြီး ပြည်သူများကိုနှုတ်ဆက်ရတဲ့အခါမှာတော့ ကိုဗစ်ဖြစ်နေတဲ့အတွက် လမ်းပေါ်မှာ ပရိသတ်ကတော့ မရှိသလောက်ကို ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးများ တင်းကြပ်စွာဖြင့် တပ်ဖွဲ့ဝင်ပေါင်းစုံနဲ့ ခြံရံကာ အိမ်ဖြူတော်သို့ ခြေလှမ်းများဆက်ခဲ့ရပါတယ်။ သမ္မတရဲ့ကားမှာတော့ ကားနံပါတ်ပလိပ်ပြားမှာ ၄၆ လို့ရေးထိုးထားပြီး ဒါက အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတလို့ ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ NBC သတင်းဌာနနဲ့ တွေ့ဆုံမှုမှာတော့ သမ္မတက အိမ်ပြန်နေရသလိုခံစားရကြောင်း ပြောပါတယ်။ ဘယ်လိုအခြေအနေ အကြောင်းတရားတွေပဲရှိရှိ အမေရိကန်ပြည်သူများ ညီညွတ်ကြဖို့ကိုတော့ ဂျိုးဘိုင်ဒန်ဟာ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်သို့သွားရာလမ်းမှာ အာလင်တန်အမျိုးသားဗိမာန်မှာ စစ်ပွဲများအတွင်း ကျဆုံးခဲ့သူစစ်သည်များကို ယခင်သမ္မတများဖြစ်ကြသော ဘေလ်ကလင်တန်၊ ဂျော့ချ်ဒဘလျူဘုရှ်၊ ဘာရက် အိုဘားမားတို့နဲ့အတူ အလေးပြုခဲ့ကြောင်း သိရပါတယ်။
Source – AFP
we copy form MRTV

ရန်ကုန်၊ ဇန်နဝါရီ (၂၁)
မြန်မာ့မီးရထား (အောက်မြန်မာပြည်) တိုင်း(၇) အောက်ရှိ ရန်ကုန်မြို့ပတ်ရထားကို ကိုဗစ်-၁၉ ဒုတိယအကျော့ကာလ စက်တင်ဘာလမှစ၍ ရထားပြေးဆွဲမှုများကို လျှော့ချခဲ့ရာ တစ်နေ့လျှင် ရထားသုံးစင်းဖြင့် (၁၂) ခေါက်ပြေးဆွဲရာမှ (၅၇) ခေါက်ပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီးထံမှ သိရသည်။
“အခု ရန်ကုန်-မန္တလေး အစုန်၊ အဆန် ကုန်တင်ရထားပဲ ထွက်သေးတယ်။ ရန်ကုန်မြို့ပတ် ရထားသုံးစင်းကို တစ်နေ့ (၁၂) ခေါက်ပဲ ပြေးဆွဲနေပါတယ်။ အခုလောလောဆယ် တစ်နေ့ကို (၅၇) ခေါက်ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ ဘယ်နေ့မှာ စပြေးဆွဲမလဲဆိုတာ စာအတိအကျ မထွက်သေးပါဘူး။ စီစဉ်နေပါတယ်”ဟု ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။
မြန်မာ့မီးရထား၏ မြန်မာတစ်နိုင်ငံလုံးသို့ ပြေးဆွဲနေသည့် ရထားခရီးစဉ်များအတွက် ရထား လက်မှတ်ခများကို ဇန်နဝါရီ (၂ဝ) ရက်က www.yangonnation.com တွင် ကြေညာထားသော်လည်း ဘူတာကြီးသို့ တရားဝင် စာမရောက်သေးကြောင်း သိရသည်။
#Credit; သန့်ဇင်ဝင်း #Myanmaalinn
#Photo Credit; မြင့်မောင် #မြန်မာ့မီးရထား

လက်ရှိတွင် ရန်ကုန်သီလဝါမှ ဘန်ကောက်အထိ မော်တော်ယာဉ်ဖြင့် သွားပါက ၁၆ နာရီ ခန့်ကြာ မြင့်ပြီး ခရီးမိုင် အရှည် ၅၇၀ မိုင်ခန့်ရှိကြောင်းသိရ သည်။

ရန်ကုန်–ဘန်ကောက်ခရီးစဉ်ကိုယာဉ် မောင်းချိန် ၉ နာရီဖြင့် ရောက်ရန်အတွက် ဆောင်ရွက်ရာ တွင် ရန်ကုန် သီလဝါမှ မြဝတီနယ်စပ်ထိ ကြာချိန် ၄ နာရီခွဲဖြင့် လည်းကောင်း ထိုနည်းတူ ထိုင်းနိုင်ငံ ဘက်မှလည်း မြဝတီမဲဆောက်နယ်စပ်မှ  ဘန် ကောက်ထိ ကြာချိန် ၄ နာရီခွဲဖြင့် ရောက်ရှိ နိုင်ရန်အတွက် (ADB) အစည်းအဝေး၌ နှစ်ဖက် ဆွေးနွေး ဆောင်ရွက်နေကြောင်း ဆောက် လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီဖြင့် အရောက်သွားရန် ဆောင်ရွက်ရာတွင် မြို့ထဲမှ သွားလာပါက ရန်ကုန်မြို့ ထောက်ကြန့်မှ စ၍ ယာဉ်ကြောပိတ်ဆို့မှုကို စတင်ကြုံရမည်ဖြစ်ပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များ နှင့် အနှေးယာဉ်များ များပြားသောကြောင့် ယာဉ်မောင်းချိန် ၉ နာရီ ဖြင့် သွားနိုင်ရန် မဖြစ် နိုင်သဖြင့် ပဲခူးကျိုက်ထို အမြန်လမ်းမသစ်ကြီးကို ဖောက်လုပ်ကာ မြို့ရှောင်လမ်းများကိုလည်း ဖောက်လုပ်ခဲ့ကြောင်း ယခုအခါ ဖောက်လုပ်ဆဲ မြို့ရှောင်လမ်းအချို့မှာ  ပြီးစီးတော့မည်ဟု သိရသည်။

လက်ရှိတွင် ကျိုက်ထိုမြို့ရှောင်လမ်း ဖောက်လုပ် ခြင်းလုပ်ငန်းမှာ မြေသားလုပ်ငန်းပြီးစီးခဲ့ပြီး မကြာခင် လေးလမ်းသွားမြို့ရှောင်လမ်း အဖြစ် ပေါ်ထွက်လာမည် ဖြစ်ကြောင်း၊ သထုံ မြို့ရှောင် လမ်းကိုလည်း ဒုံသမိ တံတားမှစ၍ သထုံမြို့၊ ကျိုက်ကော် သိမ်ဆိပ်တို့ကို ရှောင်ကာ ဘီးလင်း မြို့အနီးအထိ ဖောက်လုပ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာမှ သိရသည်။

ကျိုက်ထိုမြို့ရှောင်လမ်းနှင့် သထုံ ကျိုက်ကော် သိမ် ဆိပ် မြို့ရှောင်လမ်းမကြီးများ ပြီးစီးပါက ရန်ကုန်သီလဝါ မှ မြဝတီမြို့ထိ အချိန် ၄ နာရီ ခွဲဖြင့်

ခရီးပေါက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်မှ လည်း လမ်းများအဆင့်မြှင့်ပြီးပါက မဲဆောက်မြို့ နှင့် ဘန်ကောက် မြို့သို့ ကြာချိန် ၄ နာရီခွဲဖြင့် ရောက်ရှိနိုင်မည်ဖြစ်သည်။

ထို့အပြင် ရန်ကုန်မြို့၏ အရှေ့ဘက်အခြမ်းတွင် သန်လျင်၊သုံးခွ၊ခရမ်း၊သနပ်ပင်၊ပဲခူး–ကျိုက်ထို စီးပွားရေးစင်္ကြံလမ်းမအသစ် ပေါ်ထွက်လာမည် ဖြစ်ပြီး လက်ရှိဖွံ့ဖြိုးပြီးဖြစ်သည့် ရန်ကုန်၊ ထောက်ကြန့်၊ လှည်းကူး၊ အင်းတကော် နှင့် ပဲခူးစင်္ကြံလမ်းပိုင်းမှာ ဟန်ချက်ညီစွာ ဖွံ့ဖြိုး လာမည်ဖြစ်ကြောင်းသိရသည်။

ယင်း စီးပွားရေး စင်္ကြံ လမ်းပြီးစီးသွားပါက ကုန်သွယ်မှုပမာဏ ပျှမ်းမျှ တစ်နှစ်လျှင် အမေ ရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံ ရှိသည့် မြန်မာ့ ဒုတိယအများဆုံးကုန်သွယ်ဘက် ဖြစ်သော ထိုင်းနိုင်ငံ၊ မဟာမဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်ကြသော လာအို၊ကမ္ဘောဒီးယား နှင့် ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအတွင်း ဖြတ်သန်း၍ ရန်ကုန်မြို့ သီလဝါ စက်မှုဆိပ်ကမ်း ပင်လယ်ထွက်ပေါက်မှ တစ်ဆင့် အခြား ပြည်ပ နိုင်ငံများသို့ လွယ်ကူစွာ ကုန်စည်စီးဆင်းနိုင် သဖြင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများအတွက် လမ်းဖြတ် သန်းသွားလာ အသုံးပြုခများနှင့် အခြားအခွန် အခများလည်း ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပဲခူး–ကျိုက်ထိုအမြန်လမ်းမကြီးပြီးစီးပါက ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်ခြင်း လုပ်ငန်း များ စတင်မည်ဖြစ်ပြီး ရန်ကုန်မြို့၏ အရှေ့ဘက် စင်္ကြံလမ်း သန်လျင်၊သုံးခွ၊ ခရမ်း၊သနပ်ပင်၊ ပဲခူး လမ်း ဖြင့် ချိတ်ဆက်ကာ သီလဝါဆိပ်ကမ်းအထိ ခရီးသည်နှင့် ကုန်စည်များ လွယ်ကူလျင်မြန်စွာ သွားလာနိုင်တော့မည် ဖြစ်သည်။

ရန်ကုန်မြို့၏ အရှေ့ဘက်စီးပွားရေး စင်္ကြံ လမ်းမ သစ်ကြီး၏ လမ်းတစ်လျှောက် လမ်းဘေးဝဲယာ တွင် စီးပွားရေး ဇုန်များ၊ သိုလှောင်ရုံများ နှင့် ကုန်းတွင်းဆိပ်ကမ်း Dry Portများတည်ဆောက် နိုင်ပါက မြန်မာနိုင်ငံနှင့် အခြားဒေသများမှ လာရောက်သူများအတွက်ပါ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မှ သိရသည်။

We copy from Myanmar Business Today

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik