ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို Spring Blossom ဝယ်ယူ

ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်အား စင်ကာပူလုပ်ငန်းစု Spring Blossom Ventures က ပိုင်ရှင်ဖြစ်သည့် စင်ကာပူကုမ္ပဏီ Keppel Land ထံမှ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် ဝယ်ယူရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဝယ်ယူလိုက်ခြင်းအတွက် အစုရှယ်ယာလွှဲပြောင်းရောင်းချမှုအား ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွင်း အပြီးသတ်ဆောင်ရွက်ရန် မျှော်လင့်ထားကြောင်း Spring Blossom ကုမ္ပဏီအမှုဆောင် အရာရှိချုပ် Low Heng Huat က ပြောသည်။

အဆိုပါ Spring Blossom ကုမ္ပဏီအနေဖြင့် ပြည်တွင်းတွင် ဟိုတယ်လုပ်ငန်းအား ဆက်လက်လုပ်ကိုင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။

စင်ကာပူကုမ္ပဏီ Keppel Land ကမူ ဆီဒိုးနားဟိုတယ်(ရန်ကုန်)အား ရောင်းချခဲ့ခြင်းသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်မည့် အစီအစဉ်များကြောင့်ဖြစ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

copy from sdtimedaily.

 

 

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik