အုတ်ဖိုမြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်

အုတ်ဖိုမြို့နယ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်၍ လူနေအိမ်များ အမိုးလန်ခြင်းနှင့်ပြိုလဲမှုများဖြစ်ပွား
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ဇန်နဝါရီ (၃၁)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ဇန်နဝါရီ (၃၀) ရက် မွန်းလွဲ (၃) နာရီခွဲခန့်က ရပ်ကွက် (၂)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃)အုပ်စုတို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုလဲမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် အမိုးလန်နေအိမ် (၁၂၂)လုံး၊ အမိုးလန် စာသင်ကျောင်း (၁)ကျောင်း၊ ပြိုလဲနေအိမ် (၆)လုံး၊ စာသင်ကျောင်း (၁)ကျောင်း ပြိုလဲခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
#အောင်သူ(အုတ်ဖို)
#Source From; IPRD Okpo

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik