ကာကွယ်ဆေးတွေကို ပိုမို မျှမျှတတ ဖြန့်ဖြူးကြဖို့ WHO တိုက်တွန်း

ကာကွယ်ဆေးတွေကို ပိုမို မျှမျှတတ ဖြန့်ဖြူးကြဖို့ WHO တိုက်တွန်း
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ ကမ္ဘာတစ်ဝန်းမှာ ပိုပြီး မျှမျှတတ ဖြန့်ဝေပေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့အကြီးအကဲက တောင်းဆိုလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအပေါ် နိုင်ငံတကာနဲ့ သက်ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး တစ်နှစ်နီးပါး ဖြစ်တဲ့ သောကြာနေ့မှာ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က အဲဒီ မေတ္တာရပ်ခံချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စတင်နေပြီဖြစ်တဲ့ နိုင်ငံတွေအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ သက်ကြီးရွယ်အိုတွေကို ပထမဦးဆုံး ကာကွယ်ဆေးထိုးခွင့်ရအောင် သေချာစေဖို့ မစ္စတာ Tedros က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် ဆင်းရဲတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ကာကွယ်ဆေးတွေ ပိုမိုရရှိစေဖို့ ရည်မှန်းထားတဲ့ COVAX စီမံချက်ကို ပိုလျှံနေတဲ့ဆေးတွေ လှူဒါန်းကြဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
အခုလက်ရှိမှာတော့ ကာကွယ်ဆေးထိုးမှုတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာပဲ အဓိက ပြုလုပ်နေကြပါတယ်။ မစ္စတာ Tedros က “ကျွန်တော်တို့အနေနဲ့ ဒီကပ်ရောဂါကို နေရာတိုင်းမှာ အဆုံးသတ်နိုင်တဲ့ အချိန်ရောက်မှသာ ကမ္ဘာတစ်ဝန်းလုံးမှာ အဆုံးသတ်နိုင်မယ်” လို့ဆိုပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ကြဖို့ တောင်းဆို လိုက်ပါတယ်။
#Source – NHK

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik