အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက မှာယူထားသည့် လေယာဉ်အသစ် ရောက်ရှိ

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းက မှာယူထားသည့် လေယာဉ်အသစ် ရောက်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ရန်ကုန်၊ ဇန်နဝါရီ (၃၀)
နိုင်ငံတကာလေကြောင်းလိုင်းများ ပြန်လည်ဖွင့်လှစ်ပါက နိုင်ငံတကာသို့ ပျံသန်းပြေးဆွဲနိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း(MAI) က မှာယူထားသည့် Airbus A320-214 XY-ALL လေယာဉ်အသစ်သည် ယမန်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာသည်။
MAI လေကြောင်းလိုင်းသို့ ထပ်မံဖြည့်တင်းရောက်ရှိ လာသည့် ယင်းလေယာဉ်အသစ်အား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လေကြောင်းလိုင်းမှ တာဝန်ရှိသူများ က Water-salute အခမ်းအနားပြုလုပ်၍ ကြိုဆိုခဲ့ပြီး အဆိုပါလေယာဉ်အသစ်ကို နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ Ferry Flight အဖြစ် ပျံသန်းမောင်းနှင်ပေးခဲ့သော လေယာဉ်မှူးများအား လေယာဉ်မယ်များက ပန်းစည်းများပေးအပ်၍ ကြိုဆိုနှုတ်ဆက်ကြသည်။
Airbus A320-214 XY-ALL လေယာဉ်ကို ပြင်သစ်နိုင်ငံတွင် ထုတ်လုပ်ပြီး Manufacturing Serial Number မှာ MSN-4758 ဖြစ်ကာ Business Class ထိုင်ခုံ ရှစ်ခုံနှင့် Economy Class ထိုင်ခုံ ၁၆၂ ခုံပါရှိပြီး စုစုပေါင်းခရီးသည် (၁၇၀) ကို တင်ဆောင်ပျံသန်းနိုင်မည်ဖြစ်သည်။
ထို့ပြင် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် Safety နှင့် Operations ပိုင်းဆိုင်ရာတွင် နိုင်ငံတကာလေကြောင်း အဖွဲ့အစည်းများဖြစ်သည့် ICAO၊ IATA တို့၏ သတ်မှတ်စံချိန် စံနှုန်းများနှင့်အညီ ကိုက်ညီမှုရှိသည့်အပြင် လေကြောင်းလိုင်း စတင်တည်ထောင်ကတည်းက Accident များ တစ်ကြိမ်တစ်ခါမျှ ဖြစ်ခဲ့ခြင်းမရှိသဖြင့် IOSA လက်မှတ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးရရှိခဲ့သည့် လေကြောင်းလိုင်း ဖြစ်သည့်အပြင် နိုင်ငံတကာခရီးစဉ်များ ပြေးဆွဲနေသည့် မြန်မာလေကြောင်းလိုင်းများအနက် တစ်ခုတည်းသော IOSA လက်မှတ်ရရှိထားသော လေကြောင်းလိုင်းလည်းဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလ ဖြစ်သော်လည်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် IOSA ၏ Remote Audit စစ်ဆေးခြင်းကို ဇန်နဝါရီ (၁၅) ရက်တွင် ထပ်မံအောင်မြင်ခဲ့ပြီးဖြစ်၍ ICAO ၏ Standard နှင့်အညီ IATA ၏ Member ဖြစ်သော IOSA လက်မှတ်ရ Operator အဖြစ် ဆက်လက်ရပ်တည်လျက်ရှိသည်။
ထို့ကြောင့် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) က ပျံသန်းပြေးဆွဲမည့် ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တိုင်းကို Operations ပိုင်း Safety အရ ခရီးသွား ပြည်သူများ ယုံကြည်စိတ်ချစွာစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
#သတင်း– ရဲရင့်ရှိုင်၊ #ဓာတ်ပုံ– ဖိုးသော်ဇင်
#The Mirror Daily

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik