ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေးချက်ထုတ်ပြန်

ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေးချက်ထုတ်ပြန်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
လန်ဒန်၊ ဇန်နဝါရီ (၃၀)
ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်အမျိုးအစား သုံးမျိုးအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးချက်တစ်ရပ် ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၆၉) နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေးပြောကြားခဲ့သည်။
အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် အရှေ့အလယ်ပိုင်း၊ အာရှ၊ အမေရိကတိုက်ရှိ နိုင်ငံများနှင့် ဥရောပတစ်ဝန်းသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ တောင်အာဖရိကတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် နိုင်ငံပေါင်း (၂၅) နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိပြီး အဆိုပါနိုင်ငံများတွင် ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ သြစတြေးလျ၊ တရုတ်နှင့် ဂျပန်နိုင်ငံတို့လည်း ပါဝင်ကြောင်း သိရသည်။
ဘရာဇီးနိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သည် အီတလီ၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့ အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်သုံးမျိုးအပေါ် ကာကွယ်ဆေးများ ထိရောက်မှု ရှိ/မရှိနှင့် ပတ်သက်ပြီး သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါအပြင် ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများ မြင့်မားလာသည့်အတွက် ကမ္ဘာ့ပြည်သူများအနေဖြင့် ဗိုင်းရပ်စ်ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများကို ဆက်လက်လိုက်နာကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းပြောကြားခဲ့သည်။
#ကိုးကား – အင်န်အိတ်ချ်ကေ #ဘာသာပြန် – အောင်ကျော်ကျော်
#The Mirror Daily
copy from MRTV

Reset password

Enter your email address and we will send you a link to change your password.

Powered by Estatik