www.myanmar-realestate.com






banner
TO GET YOUR HAPPY HOME, JUST CONTACT "NAYCHI & LAMIN"
slide 1
slide 2
slide 3
1
thamaing 04
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဇနီးဒေါက်တာဂျေးလ်ဘိုင်ဒန်တို့ဟာ မနေ့ကတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှုအပြီးမှာ မြောက်ဘက်ဆင်ဝင်ကိုဖြတ်ပြီး သမ္မတနဲ့ သမ္မတဇနီးတို့အဖြစ် ၎င်းတို့နေရမည့် အိမ်ဖြူတော်သို့ ဝင်ရောက်ခဲ့ကြပါတယ်။ မိသားစုများ လုပ်ဖော်ကိုင်ဖက်များနဲ့အတူ လမ်းလျှောက်ပြီး ပြည်သူများကိုနှုတ်ဆက်ရတဲ့အခါမှာတော့ ကိုဗစ်ဖြစ်နေတဲ့အတွက် လမ်းပေါ်မှာ ပရိသတ်ကတော့ မရှိသလောက်ကို ဖြစ်ခဲ့ပါတယ်။ လုံခြုံရေးများ တင်းကြပ်စွာဖြင့် တပ်ဖွဲ့ဝင်ပေါင်းစုံနဲ့ ခြံရံကာ အိမ်ဖြူတော်သို့ ခြေလှမ်းများဆက်ခဲ့ရပါတယ်။ သမ္မတရဲ့ကားမှာတော့ ကားနံပါတ်ပလိပ်ပြားမှာ ၄၆ လို့ရေးထိုးထားပြီး ဒါက အမေရိကန်ရဲ့ ၄၆ ယောက်မြောက် သမ္မတလို့ ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ NBC သတင်းဌာနနဲ့ တွေ့ဆုံမှုမှာတော့ သမ္မတက အိမ်ပြန်နေရသလိုခံစားရကြောင်း ပြောပါတယ်။ ဘယ်လိုအခြေအနေ အကြောင်းတရားတွေပဲရှိရှိ အမေရိကန်ပြည်သူများ ညီညွတ်ကြဖို့ကိုတော့ ဂျိုးဘိုင်ဒန်ဟာ ထပ်တလဲလဲ ပြောကြားခဲ့ပါတယ်။ အိမ်ဖြူတော်သို့သွားရာလမ်းမှာ အာလင်တန်အမျိုးသားဗိမာန်မှာ စစ်ပွဲများအတွင်း ကျဆုံးခဲ့သူစစ်သည်များကို ယခင်သမ္မတများဖြစ်ကြသော ဘေလ်ကလင်တန်၊ ဂျော့ချ်ဒဘလျူဘုရှ်၊ ဘာရက် အိုဘားမားတို့နဲ့အတူ အလေးပြုခဲ့ကြောင်း သိရပါတယ်။
Source – AFP
we copy form MRTV